ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးထားတဲ့ ဆောင်းပါးတွေ စာတွေ အများကြီးကို ဖတ်ဖူး မှတ်ဖူးပေမဲ့ သူမအကြောင်းကို အပြင်မှာ ကြားရတဲ့အခါမှာ လည်း မှတ်သားစရာတွေ အများကြီး ရပါတယ်။

စင်္ကာပူ သံရုံး မိတ်ဆွေတွေက ပြောတဲ့.. သူမ ရဲ့ စည်းကမ်း..

သူမက ညစာဆိုရင် အများကြီး မစားဘူး။ အချိန်နဲ့ အိပ်တာ၊ အချိန်နဲ့ ပြန်တာမို့ သူမကို ဒင်နာပွဲတွေ ဖိတ်မယ်ဆိုရင် .. သေချာ တွက်ချက်ရတယ်။

ဒီစကားကြားတော့.. သူမရဲ့ စည်းကမ်းကျနမှုအပေါ် အားကျ ဂုဏ်ယူရတယ်။ လူမှုရေးကို အကြောင်းပြုပြီး ကိုယ် မလုပ်ချင်တဲ့ စည်းဖောက်မှုတွေကို လုပ်မိတဲ့ အကျင့်ကို ပျက်သွားစေတဲ့ စကားစုပါပဲ။​

ဘူတန်က မိတ်ဆွေ လှစ်ဟပြတဲ့.. သူမ ရဲ့ ပေါင်းသင်းဆက်ဆံရေး..

အဲ့တုန်းက ကျမတို့ဆီမှာက အ၀တ်လျှောက်စက် မရှိဘူးလေ။ သူမက အင်္ဂလန်က လာတာဆိုတော့ ချောင်းမှာ သွားလျှော်ဖို့ ကူပေးခဲ့ကြတာ..

သားအငယ်လေးက အထက်တန်းပြီးတော့ ဘူတန်မှာ လာနေသေးတယ်လေ။​ သူက ဒီက ဟင်းတွေ မစားတတ်လို့ ကျမပဲ ချက်ပြီး သွားပို့ပေးခဲ့တာ..

မိုက်ကယ်က ပြောဖူးတယ်။ သူမ .. လွတ်မှ မြန်မာပြည်သွားဆိုလို့.. မသွားဖြစ်ခဲ့ဘူး။​ သူမ လွတ်တော့ သွားသေးတယ်။​မတွေ့ဖြစ်ခဲ့ဘူး။ အလုပ်များနေမှာ ဆိုတော့လေ။

ခနပဲ တွေ့ရတဲ့ ဘူတန်က စာရေးဆရာမဆီက အမေစု အကြောင်းတွေ အများကြီး မကြားခဲ့ရပါဘူး။ ဒါပေမဲ့ ချစ်ခြင်း မေတ္တာတရားတွေတော့ အများကြီး ခံစားခဲ့ ရတယ်။

လူအများကြီးနဲ့ ပေါင်းသင်းဆက်ဆံတာမျိုး တော့ လုပ်ချင်မှ လုပ်လိမ့်မယ်။​ဒါပေမဲ့ သူမ ပေါင်းတဲ့ လူတိုင်းနဲ့ ခိုင်မာတဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထား နိုင်တယ်ဆိုတာ မြင်ရတယ်။

None
ဘူတန်က အမေစု အိမ်..

သူမရဲ့ အိမ်နီးနာချင်းပြောတဲ့.. သူမရဲ့ အကျင့်..

ဒေါ်အောင်ဆန်းစုကြည်က ဆေးလိပ်သောက်တာ မကြိုက်ဘူးလေ။ သူ့ အမျိုးသားက ဆေးလိပ်သောက်ချင်ရင် ခြံပြင်ထွက်သောက်တာ.. ကျနော်တို့က ဆေးလိပ် လိပ်ပေးတာပေ့ါ။

သူမက အနေအေးပါတယ်။ သိပ်အများကြီး စကားမပြောပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို မြင်ခဲ့တွေ့ခဲ့ ကြုံခဲ့ရသလောက်.. သူများတွေ ပြောတာ နားထောင်ရ.. စာတွေ ဖတ်ရသလောက်..

အမေစုက သူတော်စင်တစ်ယောက် နတ်ဘုရား တစ်ယောက် မဟုတ်ပါဘူး။​ဒါကပဲ သူမကို ချစ်တဲ့ ကိုယ့် အချစ်ကို ပိုပြီး သန်မာစေခဲ့တယ်။

နိုင်ငံခေါင်းဆောင် အကြီးအကဲ တစ်ဦးရဲ့ သမီး ဖြစ်ခဲ့ပေမဲ့ နိုင်ငံရပ်ခြားမှာ ကျောင်းတက်ခွင့် ရခဲ့တာကလွဲရင်.. သူမဟာ သာမာန် အမျိုးသမီး တစ်ဦးဘ၀ကို ဖြတ်သန်း ခဲ့တယ်ဆိုတာ သူမ အကြောင်းရေးထားတဲ့ စာတွေ.. သူမကို ပုဂ္ဂလိက ဘ၀မှာ သိ သူတွေဆီက ပြန်ပြောတာတွေက သိရတယ်။

ဒါပေမဲ့ သူမက ကောင်းသည်ထက် ကောင်းအောင် ပိုကြိုးစားနေထိုင်တယ်ဆိုတာ ပြောင်းလဲ လာတဲ့ သူမရဲ့ မိန့်ခွန်းတွေ အပြုအမူတွေကနေ သိရတယ်။

လူတွေကို ပြောင်းလဲ လာအောင် ဖန်တီးပေးနိုင်စွမ်း ရှိသူ…

လူတွေကို အလုပ်ပိုလုပ်ချင်အောင် သိမ်းသွင်းနိုင်သူ …

ရောက်တဲ့ ဘ၀မှာ ကျေနပ်အောင် နေနိုင်သူ..

သာယာအေးချမ်းတဲ့ ဘ၀ကို စွန့်ပြီး တိုင်းပြည်အတွက် တဘ၀လုံး ပေးထားခဲ့သူ..

ဒီ စွန့်လွှတ်ခြင်းတွေဟာ သူမရဲ့ လုပ်ဖော်ကိုင်ဖက် မိသားစု၀င်တွေနဲ့ စာရင် အသေးအဖွဲပါလို့.. ပြောတတ်သူ..

သူမ ဟာ ခေါင်းဆောင်ကောင်း တစ်ဦးပါပဲ…